မြန်မာအွန်လိုင်းစာပေရေးသားသူများအသင်း (MOWA) အား ၈.၁.၂၀၀၉ ရက်နေ့တွင် စတင် တည်ထောင်ပါသည်။

We established for all of Myanmar Online Writers.

မြန်မာစံတော်ချိန်

Members

  • ကိုဂစ်တာ
  • naungyoe1500
  • ကဗျာ
  • သင်ခန်းစါတစ်ရာ့တစ်
  • baydarzaw
  • အဆိပ်
  • norman
  • သူရဿဝါ
  • Nann Laypyae Nu
  • wunna
  • cupid
  • Moe Hlaing Nya
  • Lwan
  • MOWA
  • myat thwin
  • ညီစိမ်း

Photos

Loading…

ဝေဖန်အကြုံပြုချက်လေး ပေးခဲ့ပါအုံးခင်ဗျာ




Events

ဧည့်စာရင်း

 

Myanmar Online Writers Association

MOWA ကိုတည်ထောင်ရခြင်း အကြောင်းကတော့ ကျွန်တော်တို့ ယနေ့လက်ရှိအချိန်မှာ အွန်လိုင်းမှာ စာပေရေးသား သူများဟာ ဘလော့တွေပေါ်မှာ တင်မကတော့ပဲ၊ social ဆိုက်တွေပေါ်မှာ၊ forum တွေပေါ်မှာ တခြားအနုပညာနဲ့ သက်ဆိုင်တဲ့ဆိုက်တွေ ပေါ်မှာပါ ရေးသား လာနေကြပါပြီ။ ဒီတော့ ဒီလို အွန်လိုင်းမှာ စာပေရေးသားနေတဲ့ သူတွေအားလုံးကို တစုတစည်းထဲ ဖြစ်စေချင်တာရယ်၊ နောက်ပိုင်း အလျင်းသင့်ရင် စာပေ၀န်ဆောင်မှု မျိုးတွေကို ဒီအသင်းအနေနဲ့ ပြုလုပ်ပေး သွားမှာပါ။ အွန်လိုင်းစာပေလောက နဲ့ ပြင်ပ စာပေလောကရဲ့ ပေါင်းကူးတံတားလေး ပေါ့ဗျာ။ အသင်းကိုလဲ အပြင်ဘက်မှာပါ တရားဝင်ဖွဲ့သွားဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ။ လောလောဆယ်တော့ အသင်းကို စတင် တည်ထောင်ဆဲ ဖြစ်ပြီး အဖွဲ့ဝင်များကို လက်ခံနေပါတယ်။ အသင်းတခုရဲ့ ထုံးစံ အတိုင်း လစဉ်ကြေးတွေနဲ့ ရံပုံငွေ ထူထောင်သွားဖို့ ရှိပါတယ်။ လောလောဆယ် ဒီအသင်းကို သိအောင် ning မှာ ခဏ လုပ်ထားခြင်းသာ ဖြစ်ပြီး နောင်အခါမှာ portal တခု တည်ဆောက် သွားဖို့ အစီအစဉ်ရှိပါတယ်။ စာပေအကျိုးသယ်ပိုး နိုင်ကြပါစေခင်ဗျာ

အသင်းရဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်များကို ဒီမှာ link သွားကြည့်နိုင်ပါတယ်။

FAQ

MOWA က social site တခုလား?

MOWA က social site တစ်ခု မဟုတ်ပါဘူး။ MOWA ဟာ အွန်လိုင်းမှာ စာပေ ရေးသားနေသူတွေ အတွက် ရည်ရွယ်ပြီး တည်ထောင်ထားတာပါ။ အသင်းအဖွဲ့ ပုံစံမျိုးဖြင့် ဖွဲ့စည်း ထားတာဖြစ်ပြိး လောလောဆယ် ကိုယ်ပိုင် ဆိုက်တခု မတည်ထောင်နိုင်မှီ ning မှာ ယာယီပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။

အွန်လိုင်းစာရေးသူတွေဆိုတော့ ဘလော့ဂ်ကာတွေကို ရည်ရွယ်တာလား?

ဘလော့ဂ်တွေကို ချည်းရည်ရွယ်တာ မဟုတ်ပါဘူး။ ဘလော့ဂ်ကာတွေ အတွက် အသင်းအဖွဲ့က MBS ဆိုတာ ရှိပြီး ဖြစ်တဲ့အတွက် ကျွန်တော်တို့ စင်ပြိုင်လုပ်စရာ အကြောင်းမရှိပါဘူး။ ဒီ Myanmar Online Writers Association ဆိုတာ ယနေ့အွန်လိုင်းမှာ စာပေရေးသားနေသူတွေ၊ ဥပမာ- MySuboo, Ainmet, Myatkhinnthit နှင့် တခြားသော ဆိုက်တွေပေါ်မှာ စာပေ အနုပညာ ရေးသားနေတဲ့ အွန်လိုင်းစာရေးသူတွေ အားလုံးကို ပေါင်းစည်း စေချင်တဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ အွန်လိုင်းမှာ စာပေရေးသား နေတဲ့ မည်သူမဆို ဒီအသင်းမှာ ပါဝင်နိုင်ပါတယ်။

Myanmar Online Writers Association (MOWA) ကို ဘယ်လို အသင်းဝင်ရပါသလဲ?

MOWA ရဲ့ ၀က်ဘ်ဆိုက်လိပ်စာ myanmaronlinewriters.ning.com ဖြစ်ပြီး အဲ့ဒိမှာ member ၀င်နိုင်ပါတယ်။ (အသင်းဝင်တဲ့ အခါမှာ မိမိရဲ့ ကိုယ်ပိုင်စာရေးတဲ့နေရာ (web address or profile link) တွေကို ပြည့်စုံစွာ ဖြည့်ပေးဖို့ လိုပါတယ်။) ဖြည့်ဆည်းထားတဲ့ အချက်အလက်တွေ (၀က်ဘ်လိပ်စာတွေ) မှန်ကန်ပြည့်စုံမှု ရှိမရှိဆိုတာ ကျွန်တော်တို့က စစ်ဆေးသွားမှာဖြစ်တဲ့အတွက် မိမိသည် မည်သည့် ၀က်ဘ်ဆိုက်တွင် စာပေရေးသား နေသူဖြစ်ကြောင်း ပြည့်စုံစွာ ဖြည့်ပေးဖို့ လိုပါတယ်။

ဒါဆို MOWA ရဲ့ ရည်ရွယ်ချက်က ဘာလဲ?

ယနေ့ နည်းပညာရဲ့ ပြောင်းလဲမှု ပြယုဂ်အဖြစ် မျိုးဆက်သစ် လူငယ်တွေဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကိုယ်ဝါသနာပါရာ စာပေအနုပညာတွေကို ရေးသား ဖန်တီးလာကြတာကို တွေ့ရပါတယ်။ လူငယ်တွေနဲ့ အင်တာနက် ယဉ်ကျေးမှုဟာ တစတစ တိုးတက်လာနေပါတယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာပေ ရေးသားနေသူတချို့ရဲ့ လက်ရာတွေဆိုရင် ပြင်ပစာပေနယ်မှာလဲ စာရေးသူတွေ အဖြစ် ရပ်တည်နိုင်တဲ့ လက်ရာမွန်တွေ အဖြစ် မြင်တွေ့ရပါတယ်။ ဒီလိုစာရေးကောင်းတဲ့သူတွေ တချို့ဟာ ပြည်ပရောက်နေသူတွေ၊ ဒါမှမဟုတ် အကြောင်းကြောင်းကြောင့် ပြင်ပ စာပေနယ်နဲ့ ထိတွေ့ခွင့်မရကြတဲ့ သူတွေ ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်းမှာ စာရေးနေသူတွေဟာ တခြားအလုပ်ကိုင်များ လုပ်ကိုင်ရင်း ၀ါသနာ အရ သာ စာပေရေးသား နေကြတာ ဖြစ်လို့ပါပဲ။ ဒါကြောင့် ဒီလို လက်ရာမွန်တွေ ဖန်တီးနိုင်တဲ့ ရွက်ပုန်းသီး စာရေးသူတွေကို မျိုးဆက်သစ် စာရေးသူတွေ အဖြစ် စာပေနယ်မှာ ၀င်ဆံ့လာအောင် ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်ရယ်၊ အွန်လိုင်းမှာ စာပေရေးသားနေတဲ့သူတွေကို တစုတစည်းတည်း အင်အားတရပ် အဖြစ် ရပ်တည်စေချင်တဲ့ ရည်ရွယ်ချက်တွေ ရယ်ကြောင့် Myanmar Online Writers Association ကို တည်ထောင် ရခြင်း ဖြစ်ပါတယ်။


Association ဆိုတော့ အသင်းဝင်တွေကို အသင်းဝင်ကြေး ကောက်ခံမှာလား?

အသင်းဝင်ကြေးကောက်ခံမှာပါ။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော်တို့ အသင်းဝင်တွေ တွေ့ဆုံပွဲ မပြုလုပ်ရသေးတဲ့ အတွက် မညှိနှိုင်းရသေးပါဘူး။ အသင်းအတွက် အသင်းဝင်ကြေးကောက်ခံတယ် ဆိုတာ အွန်လိုင်းယဉ်ကျေးမှုဟာ ရှေ့ဆက်ပြီး ယခုထက် ပိုမို ဖွံ့ဖြိုးလာဖို့ပဲ ရှိပြီး MOWA ကို ရေရှည် ရပ်တည်သွားနိုင်အောင် ဖြစ်ပါတယ်။လောလောဆယ် ကုန်ကျနိုင်မယ့် ကုန်ကျစရိတ်တွေကို တင်ပြရရင်-

o official site (portal) တခု တည်ထောင်ရန် ရံပုံငွေ
o အွန်လိုင်းစာပေဆု ပေးအပ်ရန်
o စာကြည့်တိုက် တည်ထောင်ရန်
o စာမူများစုစည်းထုတ်ဝေရန်

စတဲ့ ကိစ္စရပ်တွေမှာ သုံးစွဲဖို့ အသင်းရံပုံငွေ လိုအပ်နေပါတယ်။

အသင်းဝင်တွေကို MOWA က ဘယ်လိုအကျိုးပြုမှာလဲ၊ လုပ်ငန်းစဉ်တွေက ဘာတွေလဲ?

အခုလတ်တလော ကတော့ အသင်းဝင်များထဲမှ ပြည်တွင်းမဂ္ဂဇင်းတိုက်တွေကို စာမူပို့ချင်တယ်ဆိုရင် အသင်းက တာဝန်ယူ ပို့ပေးပါ့မယ်။ အသင်းဝင်များရဲ့ စာမူတွေကိုလည်း အလျင်းသင့်ရင် စာအုပ်ထုတ်ဝေ ပေးသွားဖို့လဲ ရှိပါတယ်။ ၂လတစ်ကြိမ် စာပေစကားဝိုင်း ပုံမှန် ပြုလုပ်သွားပါမယ်။ နှစ်စဉ်နှစ်တိုင်း အွန်လိုင်းမှာ တနှစ်တာ အတွင်း အကောင်းဆုံးစာပေဆု များကိုလည်း စာပေအမျိုးအစားလိုက် ချီးမြှင့်ပေး သွားမှာ ဖြစ်ပါတယ်။ အသင်းဝင်များ ဖတ်ရှုနိုင်မယ့် စာကြည့်တိုက်ကိုလဲ တည်ထောင်သွားဖို့ရှိပါတယ်။

အထူးအသိပေးချက်

မြန်မာအွန်လိုင်းစာရေးသူများ အသင်း (MOWA) သည် social site သက်သက် မဟုတ်ပဲ အွန်လိုင်းမှ စာပေဝါသနာပါသူများအား စုစည်းကာ ပြင်ပ စာပေလောကတွင်လည်း ဝင်ရောက်ရေးသားသွားနိုင်ရန် ဝိုင်းဝန်း ကြိုးပမ်းသွား မည် ဖြစ်ပါ၍ တခြား ning social site များကဲ့သို့ အမှန်တကယ်စိတ်ပါဝင်စား ခြင်း မရှိပဲ အပျော်သက်သက် register လုပ်ခြင်းများ မပြုလုပ်ပါရန် ကြိုတင် အသိပေးအပ်ပါသည်။

Latest Activity

on Saturday
Thank U ......!
on Saturday
Goodddddddd
on Saturday
ကြိုက်ပြန်ပြီ ..... :)
on Saturday
အရမ်းမိုက်တယ် အါးပေးပါတယ်ဗျိုးးးးးးးးးးးးး :)
on Saturday
အရမ်းကေါင်းတါပဲ ဒီကဗျာလေး :) အါးပေးနေပါတယ်
on Saturday
on Saturday
on Saturday

Blog Posts

သင်ခန်းစါတစ်ရာ့တစ်

....... အတွက်

ဟိုးဝေးဝေးက
သူ့အသံဝဲ၀ဲလေး
မကြားရရင်
ထမင်းစါးရတါ
တစ်ခုခုလိုနေတယ်
ဒါပေမယ့်
မနက်ဖြန်ထိ
သူ့ကိုချစ်ချင်လို့
ထမင်းတစ်ပန်းကန်တေါ့
ကုန်အေါင်စါးခဲ့တယ် ..............

ဟိုးဝေးဝေးက
သူ့လက်ရေးနဲ့စါအိတ်တစ်လုံး
ရောက်မလါရင်
အိပ်ရတါ
စိတ်မချမ်းသါဘူး ......................

ဒါပေမယ့်
ရှင်သန်ခြင်းရဲ့ခံယူချက်အတွက်
အဲ့ဒီ့ညတွေကို
ရင်ပူပူနဲ့
အိပ်ပစ်ခဲ့တယ် ......................

အဲ့ဒီ
့ရင်ပူ .. စိတ်မေါ ...သေါကတွေနဲ့
မမေ့ရက်တါ
'' သိပ်ချစ်လို့ ''ဆိုတါ
သူသိဖို့
ကဗျာလေးရယ်
ပြောပေးပါ

Posted by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:33pm

သင်ခန်းစါတစ်ရာ့တစ်

တေါင်းဆိုပါရစေ

ဘ၀ထဲ
နောက်ချန် ... ဖဲ့ခြွေပေးရတဲ့
တစ်ခနတွေများများပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် ..............

ဘ၀ထဲ
အမြဲအပြစ်မလွတ်တဲ့
သိုးမည်းတွေရဲ့
ခေါင်းငုံ့ ... တိတ်ဆိတ်မှုနဲ့
အသါးကျပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် .................

အတုတွေကို
ပုံပြင်အဆန်းနဲ့
ခဏ ... ခဏ
ယုံကြည်တတ်ခြင်းကို
အစွန်းရောက်ခါးသီးတတ်ပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် ..................

နောက်တစ်ခါ
နောက်ချန်
ခေါင်းငုံ့
တိတ်ဆိတ်ရင်း
မိုက်မဲဖို့လည်း
တေလေတွေရဲ့မထူးဇါတ်မို့
ရင်ဘက်ရဲ့တန်ဖိုးချင်း
အချိုးချပြီးမှ
ကိုယ်စီရဲ့သေါကအတွက်
ဆင်ယင်လှည… Continue

Posted by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:24pm

သင်ခန်းစါတစ်ရာ့တစ်

မေးခွန်း

အရာရာခံယူမယ့်
မင်းလက်တွေက
အရာရာဖဲ့ခြွေရက်တါ
ချစ်ခြင်းလါးလို့
စိတ်ကုန်ချင်လည်း
ကိုယ်တိုင်ရဲ့သေါကနဲ့
မေ့မရခဲ့တေါ့
ခေါင်းစဉ်ပြောင်းတတ်ဖို့
မလိုတေါ့ဘူး .............

ဘယ်သူမှမသိတတ်တဲ့
လိုအပ်ခြင်းအတွက်
ငါ့အသိတွေ
ကြီးတတ်ခဲ့ပြီးမှပဲ
မင်းလုပ်သမျှကျေနပ်တယ် ........

ဘါမှထပ်မပေးဖြစ်ရင်တေါင်
ဘါမှမငြင်းရက်တါ
အချစ် ဆိုရင်
ငါမင်းကိုချစ်တယ် ................

သူငယ်ချင်း ခေါင်းစဉ်နဲ့
မဖွဲ့နွဲ့တတ်သူမို့
မင်းချစ်ရင်ပြောပါတေါ့
သီချင်းနဲ့ပဲစေါင့်ရမှါလါး
ဒါမှမဟုတ်
မငြင်းနိုင်မယ့်စကါးအဆန်းနဲ့
မင်းလက်ကို
တွဲထါးခွင့်ရမလ… Continue

Posted by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:13pm

Nann Laypyae Nu

မျှော်လင့်ခြင်း အကာသားနဲ့ ထုဆစ်ထားသော စိတ်ကူးများ

လရောင်ခပ်ပါးပါး ဆမ်းထားတဲ့
ဘ၀ဆိုတဲ့ လမ်းမှာ
လေတစ်ချွန်ချွန်နဲ့
ငါဟာ နောက်ပြန်လျှောက်လာခဲ့တယ်။

စိတ်ကူးထဲမှာတော့...
မင်းဟာ ငါ့ရင်ဘတ်ထဲက ထွက်လာတဲ့
ကဗွီးပင်တစ်ပင်ပေါ့။

မင်းရဲ့ နုပျိုတဲ့အလှ
ဝေဆာတဲ့ စိမ်းလန်းမှုကို
ငါ ဂုဏ်ယူလို့မှ မဆုံးသေးဘူး
မင်းရဲ့ သမုဒယ အမြစ်တွေနဲ့
ပတ်နှောင်တွယ်ထားလိုက်တာများ
ငါ့နှလုံးသားတောင် ကျုံဝင်သွားခဲ့တယ်။

ဒါပေမယ့် ငါလို မြေကြီးက
မင်းရဲ့ ရိုးတံပြတ်တွေ၊ ပွင့်ဖတ်ဟောင်းတွေ
နောက်ဆုံး...
မင်းအနေနဲ့ ကြင်နာမှုနဲ့ ဝေမျှပေးလိုက်တဲ့
အသီးတစ်ချို့ရဲ့ နာကျင်မှုကိုတောင်
မက်မက်မောမော ခံယူမိ… Continue

Posted by Nann Laypyae Nu on November 2, 2009 at 12:04pm

ကိုဂစ်တာ

နိစ္စဒူဝ

မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင်
ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင်

မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ
မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။

စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး
အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး

ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး

ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး
ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။

ဆရာတွေက ဆရာလုပ်တာ… Continue

Posted by ကိုဂစ်တာ on October 10, 2009 at 1:39pm — 1 Comment

 
 

About

MOWA MOWA created this social network on Ning.

Create your own social network!

Birthdays

There are no birthdays today

 

© 2009   Created by MOWA on Ning.   Create Your Own Social Network

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!