MOWA

Myanmar Online Writers Association အသင်းဝင်များ၏ အကြံဉာဏ်

မြန်မာအွန်လိုင်းစာပေရေးသားသူများ အသင်းအတွက် လိုအပ်တဲ့ အကြံဉာဏ်လေးများ ပေးကြပါအုံး။ ကျွန်တော်တို့ အသင်းအနေနဲ့ ရည်ရွယ်တာက အွန်လိုင်းမှာ လက်ရှိ စာပေရေးသားသူတွေ (၀ါ) အွန်လိုင်းစာရေးဆရာတွေ အတွက် စုစည်းရာ အသင်းလေး တခုပါ။ ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ အွန်လိုင်းမှာ ၀ါသနာအရ စာရေးနေပေမယ့် ပြင်ပ စာပေလောကကို အကြောင်းကြောင်းကြောင့် ထိတွေ့ခွင့်မရ တဲ့သူတွေ အတွက် ကျွန်တော်တို့ အသင်းအနေနဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ စာပေနဲ့ပတ်သက်တဲ့ စကားဝိုင်းလေးတွေလဲ ပြင်ပမှာ တကယ်ပြုလုပ်သွားဖို့ လဲရှိပါတယ်။ ဖြစ်နိုင်ရင် နောက်ပိုင်း အွန်လိုင်းစာပေဆုပေးချင်ပါတယ်။ ပြီးတော့ စာအုပ်လေးတွေ စုပေါင်း ထုတ်ပါမယ်။ web site တခု တည်ထောင်ပါမယ်။ အဲ့ဒိအတွက် အသင်းဝင်ကြေးများ အထိုက်လျောက် ကောက်ခံပါ့မယ်။ ဘဏ်စာရင်းနဲ့ အတိအကျလုပ်ပါ့မယ်။ ၄လတကြိမ် ငွေစာရင်းရှင်းတမ်း လုပ်ပါ့မယ်။ ဒါကို အပြင်မှာလဲ တရားဝင် အသင်းဖြစ်အောင် လုပ်ပါမယ်။ ဆက်လက်ပြီး အကြံပေး ချင်တာလေးများ ရှိရင် ပေးကြပါအုံးခင်ဗျာ။

Share

Reply to This

Replies to This Discussion

ဟုတ်ကဲ့ အခုအကြံပေးချင်တာက အသင်းဝင်တွေများလာအောင်
ဖိတ်သင့်တဲ့လူတွေကို ၀ိုင်းဖိတ်ပေးကြဖို.ပါ။
လူများမှလည်း လုပ်လို.ပိုကောင်းမှာမို.လား..
ကျွန်တော်လည်းတက်နိုင်သလောက်လိုက်ဖိတ်ပေးပါမယ်။

Reply to This

တေလေ said:
ဟုတ်ကဲ့ အခုအကြံပေးချင်တာက အသင်းဝင်တွေများလာအောင်
ဖိတ်သင့်တဲ့လူတွေကို ၀ိုင်းဖိတ်ပေးကြဖို.ပါ။
လူများမှလည်း လုပ်လို.ပိုကောင်းမှာမို.လား..
ကျွန်တော်လည်းတက်နိုင်သလောက်လိုက်ဖိတ်ပေးပါမယ်။
နိုးနိုး မဖိတ်ပါနဲ့ တေလေရေ.. လူတွေများတိုင်း ကောင်းတာ မဟုတ်ဘူး။ ဒီဆိုက်ကို တကယ့်ကို စာပေ ၀ါသနာပါပြီး အသင်းအပေါ် တကယ်စိတ်ဝင်စားပြီး တည်ထောင်ချင်တဲ့ သူတွေကိုသာ ဖိတ်ပါ့မယ်။ ကန့်လန့်သမားတွေ၊ ယောယောင်တွေ၊ ဆရာကြီးတွေ ကို မဖိတ်ပါခင်ဗျာ။

Reply to This

ဟုတ်တယ်ဗျ. လူတွေများတိုင်း မကောင်းဘူး..
ဒါပေမယ့် လူအင်အားချည့်နဲ့ပြီး တကယ်လုပ်နိုင်တဲ့သူတွေကို အမှတ်မဲ့ ချန်ခဲ့မိပြန်ရင်လည်း ကိုယ့်အဖွဲ့အစည်းမှာ အင်အားနည်းတတ်တယ်ဗျ.

ဒီစကားက ကျယ်ပြန့်တော့ နည်းနည်းဆွေးနွေးရင်ကောင်းမယ်ထင်တယ်.

နောက်မှပဲဗျာ.

minnyoonthit said:
တေလေ said:
ဟုတ်ကဲ့ အခုအကြံပေးချင်တာက အသင်းဝင်တွေများလာအောင်
ဖိတ်သင့်တဲ့လူတွေကို ၀ိုင်းဖိတ်ပေးကြဖို.ပါ။
လူများမှလည်း လုပ်လို.ပိုကောင်းမှာမို.လား..
ကျွန်တော်လည်းတက်နိုင်သလောက်လိုက်ဖိတ်ပေးပါမယ်။
နိုးနိုး မဖိတ်ပါနဲ့ တေလေရေ.. လူတွေများတိုင်း ကောင်းတာ မဟုတ်ဘူး။ ဒီဆိုက်ကို တကယ့်ကို စာပေ ၀ါသနာပါပြီး အသင်းအပေါ် တကယ်စိတ်ဝင်စားပြီး တည်ထောင်ချင်တဲ့ သူတွေကိုသာ ဖိတ်ပါ့မယ်။ ကန့်လန့်သမားတွေ၊ ယောယောင်တွေ၊ ဆရာကြီးတွေ ကို မဖိတ်ပါခင်ဗျာ။

Reply to This

Chairman တို့ဘာတို့ ခန့်ဖို့ကတော့ စောပါသေးတယ်ပေါ့နော်.....လူများတိုင်းမကောင်းဘူးဆိုပေမယ့်... လုပ်နိုင်မယ့်သူ ၊ လုပ်တတ်မယ့်သူ ၊ အဆင်ပြေမယ့် သူ ၊ စသဖြင့်လိုအပ်တယ်ထင်ပါတယ် ၊၊

Minn Yoon Thit said:
တေလေ said:
ဟုတ်ကဲ့ အခုအကြံပေးချင်တာက အသင်းဝင်တွေများလာအောင်
ဖိတ်သင့်တဲ့လူတွေကို ၀ိုင်းဖိတ်ပေးကြဖို.ပါ။
လူများမှလည်း လုပ်လို.ပိုကောင်းမှာမို.လား..
ကျွန်တော်လည်းတက်နိုင်သလောက်လိုက်ဖိတ်ပေးပါမယ်။
နိုးနိုး မဖိတ်ပါနဲ့ တေလေရေ.. လူတွေများတိုင်း ကောင်းတာ မဟုတ်ဘူး။ ဒီဆိုက်ကို တကယ့်ကို စာပေ ၀ါသနာပါပြီး အသင်းအပေါ် တကယ်စိတ်ဝင်စားပြီး တည်ထောင်ချင်တဲ့ သူတွေကိုသာ ဖိတ်ပါ့မယ်။ ကန့်လန့်သမားတွေ၊ ယောယောင်တွေ၊ ဆရာကြီးတွေ ကို မဖိတ်ပါခင်ဗျာ။

Reply to This

Chair Man ကြီးက chair မှာထိုင်ပြီး ငိုက်နေတော့လဲ ဘာထူးမှာလဲ..။ အဟတ်..။ :P အားလုံး Team work လေးနဲ့ စုပေါင်းပြီး လုပ်တာ ပိုကောင်းမယ်ဗျ..။ :)

Reply to This

အွန်လိုင်းမှာကော အပြင်မှာပါ အသင်းတစ်ခု အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ တိကျသေချာတဲ့ ဖွဲ့စည်းမှုကလေး တစ်ခု ရှိဖို့လိုပါလိမ့်မယ်။
အသင်းအဖွဲ့တစ်ခုအနေနဲ့ ခေါင်းဆောင်ကောင်းတွေ ရှိဖို့လိုအပ်မှာဖြစ်သလို အသင်းကို လမ်းစဉ်တွေ သတ်မှတ်ပေးဖို့လည်း လိုမှာဖြစ်ပါတယ်။ ခေါင်းဆောင်တဲ့လူက လုပ်လုပ်ဆိုကာမှ အသင်းဝင်တွေက နိုးနိုးလုပ်နေရင်တော့ တစ်ယောက်တစ်ပေါက်ချည်း ဖြစ်ကုန်လိမ့်မှာပေါ့။ အဲလိုပဲ ခေါင်းဆောင်ကလည်း ငါက ခေါင်းဆောင်ကွဆိုပြီး လုပ်ချင်ရာလုပ်နေမယ်ဆိုရင် မလွယ်ရေးချမလွယ်ပေါ့ဗျာ။ အဲဒါတွေကို ထိန်းကွပ်ဖို့ဆိုတာ စည်းမျဉ်းစည်းကမ်းတစ်ခုတော့ သေသေချာချာရေရေရာရာ ရှိသင့်ပါတယ်။ အားလုံးကို တန်းတူထားတယ်ဆိုရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ လူ့သဘောသဘာဝအရ တစ်ယောက်တစ်ပေါက်ဖြစ်ခြင်းဆိုတာကို ရှောင်လွှဲလို့ မရနိုင်ဘူးဆိုတဲ့အချက်ကိုလည်း သတိထားကြစေချင်ပါတယ်။ အရင်ကတော့ ပြုံးပြုံးပြုံးပြုံးနဲ့ တည့်လာပြီးကာမှ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်လောက်အောင် ပျက်သွားတတ်တာတွေကိုလည်း သတိပြုသင့်ပါတယ်။ နီးနီးစပ်စပ် သက်သေသာဓကတွေကလည်း ရှိနေမှပဲလေ။ နောက်ပြီး အွန်လိုင်းစာရေးသူဆိုတိုင်း စာချည်းလှိမ့်ရေးပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေမှ မဟုတ်တာ။ သူသန်ရာသန်ရာ ကျွမ်းကျင်မှု နယ်ပယ်တွေမှာ လှုပ်ရှားနေကြရင်း စာကို ၀ါသနာအရရေးနေကြတယ်ဆိုတာ သိသာနိုင်ပါတယ်။ အဲဒီတော့ အသင်းရယ်လို့ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်လာချိန်မှာ အသင်းဝင်တိုင်းက ကိုယ်ကျွမ်းကျင်ရာဘက်ကနေ အသင်းအတွက် ကျွန်တော်/ကျွန်မကတော့ဖြင့် ဒါလုပ်ပေးနိုင်ပါတယ်ဆိုတာမျိုးလေးလည်း ရှိသင့်တယ်ထင်ပါတယ်။ ဥပမာ - စာရင်းဇယားတွေ ဘာတွေနဲ့ ဖြစ်လာပြီဆိုရင် စာရင်းကျွမ်းကျင်သူတွေဘာတွေ လိုလာပါလိမ့်မယ်။
အသင်းရဲ့ နာမည်။ အမှတ်တံဆိပ်။ စာအမှတ်သတ်မှတ်မှုတွေ။ အသင်းဝင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ စတာတွေကို သေသေချာချာစဉ်းစား လေ့လာအချိန်ယူပြီး လုပ်သင့်ပါတယ်။ အသင်းဝင်တွေကို ကာကွယ်မှုပြုခြင်း၊ အရည်အချင်းတိုးမြှင့်စေရန် ဆောင်ရွက်ခြင်း စတာတွေလည်း လိုလာပါလိမ့်မယ်။ ကိုယ့်အသင်းသားတစ်ယောက် ဒုက္ခတွေ့နေတာကို အသင်းကြီးတစ်ခုအနေနဲ့ ဘယ်လိုမှ မကာကွယ်ပေးနိုင်ဘူးဆိုရင်တော့ သိပ်မနိပ်လှပါဘူး။ နောက်ပြီး ကိုယ့်အသင်းဟာ ဘယ်နေရာမှာပဲ ချပြချပြ လူရိုသေ ရှင်ရိုသေ ရှိနေသင့်ပါတယ်။ နို့မို့ဆိုရင် အခြားအခြားသော ခွဲထွက်မှုတွေ၊ စင်ပြိုင်မှုတွေကို ရင်ဆိုင်ရင်း လုံးလည်ချာလည်လိုက်နေနိုင်ပါတယ်။ ဒါတွေအားလုံးကို တညီတညွတ်တည်း လုပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အိပ်မက်ဖူးတဲ့ မြန်မာလူငယ်တွေ (တစ်ချိန်ကျရင် လူကြီးတွေဖြစ်လာဦးမှာပါ) ရဲ့ အသင်းအဖွဲ့ကလေး ရေရေရာရာ ဖြစ်လာပါလိမ့်မယ်။ ကောက်ရိုးမီးလိုဖြစ်မသွားစေဖို့ လိုအပ်သမျှကို စုပေါင်းတိုင်ပင် စဉ်းစားပြီး ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ကြဖို့ ဆန္ဒပြုလိုက်ရပါတယ်။
အခု အကြံပြုဆွေးနွေးချက်ဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလအမြင်သာဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲ (ဆဲ) ပိုင်ခွင့်ရှိကြောင်းပါ ဖော်ပြလိုက်ရပါတယ်။
Myanmar Online Writers Association ကြီး နှစ်ပေါင်းများစွာ အမှန်တကယ်ရပ်တည်သွားနိုင်ရေးအတွက် ဆန္ဒပြုရင်း ...
လေးစားစွာဖြင့်
ကိုဖြိုး

Reply to This

ကိုဖြိုးပြောသလိုပါပဲဗျာ....။ ဒီလိုအသင်းဖွဲ့ ဖို့အတွက် အခက်အခဲတွေကအများကြီးရှိတယ်ဗျ....။ဘာပဲဖြစ်ဖြစ်ဒီလိုအသင်းဖွဲ့တာကိုတော့ကြိုက်ပါတယ်ဗျို့

Reply to This

ရည်ရွယ်ချက်ကိုတကယ်လေးစားမိပါတယ်ဗျာ။ကျတော်လည်းစာဖတ်၊စာရေး ၀ါသနာအိုးပဲဗျ။ဒါတွေကလည်း တကယ်တန်းစာပေနယ်ထဲဝင်တိုးဖို့ရာကြတော့
ထင်သလောက်မလွယ်ပြန်ဘူး။ဒါကြောင့် ပိာုဆိုဒ်မှာနည်နည်းဒီဆိုဒ်မှာနည်းနည်းလိုက်ကပ်ရေးနေရင်းနဲ့ မေးလ်တစ်ခုကနေပြီး MOWA အကြောင်းသိလိုက်ရတာပါ။ သိသိချင်းပဲစိတ်ဝင်စားတာနဲ့လာလေ့လာရင်း ဒီဆိုဒ်ရဲ့ ရည်ရွယ်ချက်ကိုသဘောကျ လေးစားမိလို့ ချက်ချင်းဝင်လိုက်တာ
အကြောင်းပြန်တဲ့မေးလ်းကိုစောင့်ရတာတော့ အတော်လေးကိုလည်ပင်းရှည်သွားတယ်။ sing up လုပ်ပြီးတာနဲ့ချက်ချင်းဝင်လို့မရတော့ အတော့်ကို
အားမလိုအားမရနဲ့ ဗျာ။ခုမှပဲ စာတွေတ၀ကြီးလိုက်ရေးလို့ရတော့တယ်။ကောင်းတယ်ဗျား။MOWA အဖွဲ့ ကြီးအဓွန့်ရှည်တည်တံ့နိုင်ပါစေလို့ အားလုံးနဲ့ထပ်တူ
မျှော်လင့်ပါတယ်။

Reply to This

ကိုဗေဒါရေ ကျေးဇူးဗျာ။ ဟုတ်တယ် လူတိုင်း အလွယ်တကူ ဝင်လို့မရအောင် ကျွန်တော်လုပ်ထားတာပါ။ စောင့်ဆိုင်းလိုက်ရရင် ဆောရီးပါ။ ကျွန်တော်တို့ကလဲ တကယ် စာပေ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်ပါတယ်။ ဒါမှ ကျွန်တော်တို့ အွန်လိုင်းမှာရေးတဲ့သူတွေ အတွက် အင်အားတစ်ရပ်ဖြစ်မှာပါ။ ကျွန်တော်တို့အခုတလော အွန်လိုင်းထက် အပြင်ဘက်မှာ ကဗျာရွတ်ပွဲလေးတွေ လုပ်နေရလို့ အသင်းဝင်တွေကို သေချာ လိုက်မနှုတ်ဆက်နိုင်တာ ခွင့်လွှတ်ပေးပါ။

baydarzaw said:
ရည်ရွယ်ချက်ကိုတကယ်လေးစားမိပါတယ်ဗျာ။ကျတော်လည်းစာဖတ်၊စာရေး ၀ါသနာအိုးပဲဗျ။ဒါတွေကလည်း တကယ်တန်းစာပေနယ်ထဲဝင်တိုးဖို့ရာကြတော့
ထင်သလောက်မလွယ်ပြန်ဘူး။ဒါကြောင့် ပိာုဆိုဒ်မှာနည်နည်းဒီဆိုဒ်မှာနည်းနည်းလိုက်ကပ်ရေးနေရင်းနဲ့ မေးလ်တစ်ခုကနေပြီး MOWA အကြောင်းသိလိုက်ရတာပါ။ သိသိချင်းပဲစိတ်ဝင်စားတာနဲ့လာလေ့လာရင်း ဒီဆိုဒ်ရဲ့ ရည်ရွယ်ချက်ကိုသဘောကျ လေးစားမိလို့ ချက်ချင်းဝင်လိုက်တာ
အကြောင်းပြန်တဲ့မေးလ်းကိုစောင့်ရတာတော့ အတော်လေးကိုလည်ပင်းရှည်သွားတယ်။ sing up လုပ်ပြီးတာနဲ့ချက်ချင်းဝင်လို့မရတော့ အတော့်ကို
အားမလိုအားမရနဲ့ ဗျာ။ခုမှပဲ စာတွေတ၀ကြီးလိုက်ရေးလို့ရတော့တယ်။ကောင်းတယ်ဗျား။MOWA အဖွဲ့ ကြီးအဓွန့်ရှည်တည်တံ့နိုင်ပါစေလို့ အားလုံးနဲ့ထပ်တူ
မျှော်လင့်ပါတယ်။

Reply to This

Reply to This

RSS

About

MOWA MOWA created this Ning Network.

© 2009   Created by MOWA on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!