Junior
  • Male
  • ရန်ကုန်
  • Myanmar
Share 
  • Blog Posts (14)
  • Discussions
  • Events
  • Groups
  • Photos
  • Photo Albums

Junior's Friends

 

Junior's Page

Gifts Received

Gift

Junior has not received any gifts yet

Give Junior a Gift

Latest Activity

Comment Wall

You need to be a member of Myanmar Online Writers Association to add comments!

Join this Ning Network

  • No comments yet!

Profile Information

M.O.W.A ကိုမိတ်ဆွေ ဘယ်လိုရောက်လာပါသလည်း။
ကိုလင်းရမ္မာ ပေးလို့ရောက်လာတာပါ
သင့်တွင် ကိုယ်ပိုင်စာရေးသော ဆိုက်ရှိပါက ဖြည့်ရန် (Social Site များတွင်ရေး ပါက Profile link ထည့်နိုင်)
www.yp1357.ning.comwww.nharbugyi.ning.com/profile/junior
သင်စာရေးဆရာတယောက်ဖြစ်ချင်လား။
ဖြစ်ချင်တယ်
ဘယ်စာပေအမျိုးအစားတွေကို ပိုကြိုက်လဲ
ကဗျာ ၊ ဟာသ ၊ ရသ နဲ့ မျိုးစုံကြိုက်ပါတယ်။
အကြိုက်ဆုံး အွန်လိုင်းက စာရေးသူတွေ ရှိရင် ပြောပေးပါလား။
လောလောဆယ်တော့ ကိုလင်းရမ္မာ ရဲ့ ကဗျာတွေကိုအကြိုက်ဆုံးပဲ

Junior's Blog

Junior

တွေ့ဆုံကြုံကွဲ

သူငယ်ချင်းတို့ရေ
ငါတို့ တစ်နေရာဆီဝေးနေကြတယ်
ငါတို့တွေက တိုက်တိုက်ဆိုင်ဆိုင်
အတူတူ ဆုံကြတယ်…
ဖြစ်ချင်တော့လဲ တစ်နေရာဆီ
ကွဲသွားကြပြန်တယ်…
ကံကိုသာ ယိုးမယ်ဖွဲ့ အပြစ်တင်
ပြန်ဆုံကြမယ့်နေ့ကို မျှော်လင့်လျက်ပါ…
မှော်ဘီမြို့လေးက မင်းရဲကျော်စွာလမ်းလေးလဲ
ခုချိန်ဆို ငါတို့ကို လွမ်းနေလောက်ပြီ…
ငါတို့တွေ သီချင်းအတူတူအော်ဆိုခဲ့ကြတဲ့
လမ်းထိပ်က အုတ်ခုံလေးမှာရော
ငါတို့ ပုံရိပ်တွေ ပျောက်ပျက်သွားမယ်
မထင်ပါဘူးကွာ…
ကောင်းစားလဲအတူ ဆိုးလဲအတူပေါ့လို့
သစ္စာပြုထားခဲ့ဖူးကြတယ်
အခုတော့ကောင်းမှန်း ဆိုးမှန်းလဲ မသိအောင်
ဝေးနေကြပြ… Continue

Posted on September 4, 2009 at 11:02am — 1 Comment

Junior

အလင်းရိပ်

လွင့်ထွက်လာတဲ့ ပုံရိပ်တွေကူးယူ
အတွေးတွေကို ရိပ်သိမ်းပစ်လိုက်
အကြောင်းမဆိုင်တဲ့ ကိစ္စတွေ
အချိန်ကုန်ခံ မပြောတော့ဘူး
ငါတို့ရဲ့ အိပ်မက်တွေက
အလင်းနှစ်တွေကို ဖြတ်သန်း
အနာဂါတ်ကို ပြောပြတယ်
မင်းမေ့ထား ခဲ့တဲ့ အတိက်ကို
စွန်းထင်းမှု့တွေ နဲ့ ငါကောက်ရတယ်
မထင်မရှား အလင်းရိပ်တွေကို
ဘာသာပြန်ဖို့ ငါ့ကိုငါတောင်
ရူးသွပ်ခဲ့ရတယ်…

ကြယ်စင်မင်း

Posted on September 4, 2009 at 11:02am —

Junior

အိပ်မက်သစ်ပင်

အချစ်သီချင်းတွေ ညည်းဆိုရင်း
အလွမ်းရေစီးကြောင်းထဲ စီးဆင်းခဲ့တယ်…
အချစ်ဆိုတာ ချစ်ပြီးရင်မုန်း ဒီလိုပဲလား
ဘယ်လိုလဲ မရေရာဘူး
အနာဂါတ်က လမ်းပျောက်တယ်…
ကြင်နာသူ လက်ကမ်းကြိုမလား
စောင့်မျှော်မိတယ် (မသေချာဘူး)…
အိမ်မက်တိုင်းမှာ ကာရန်တွေနဲ့
ကဗျာတွေရေးစပ်ခဲ့တယ်…
ဒီလိုနဲ့ ညအမှောင်မှာ
ငါ့ စိတ်ကိုလင်းစေခဲ့တယ်…
လာ…လိုက်ခဲ့တော့ ချစ်သူ
မနက်ဖြန်တိုင်းမှာ မင်းပြောခဲ့သလို
ပျော်ရွှင်မှုတွေနဲ့ မိုးလင်းကြမယ်…

ကြယ်စင်မင်း

Posted on September 4, 2009 at 11:01am —

Junior

အိပ်မက် နတ်သမီး

နေ့စဉ်ရက်တိုင်း ရူးသွပ်မှု့ တွေ နဲ့
အိမ်မက်တွေထဲမှာ အခန်းဆက်
ရောက်တက်ရာရာတွေ ပြောရင်း
လွင့်ထွက်သွားတဲ့ နှလုံးသားကို
နတ်သမီး ဆီမှာပြန်တွေ့လိုက်တယ်
မာယာတွေနဲ့ နတ်ဆိုးအလား
ပြင်းထန်တဲ့ ရန်ငြိုးတွေကြားက
နိုးပါရစေတော့ကွယ်…

ကြယ်စင်မင်း

Posted on September 4, 2009 at 11:01am —

Junior

သူငယ်ချင်း(၂)

မနက်ဖြန်များစွာမှာ မင်းနဲ့ငါ ခင်စဲပါ
အရာရာဟာ မနေ့ကလို
ရှိနေခဲ့တယ်လို့ မင်းပြောလဲ
ခံစားရတာ ငါတစ်ယောက်ထဲပါ
မင်းနဲ့ငါ ပိုင်တဲ့ ကြိုးတစ်စဟာ
အဖြူရောင်သက်သက်ပါ
မနာလိုသူတွေ သွေထိုးလဲ မယိုင်လဲခဲ့
ဘယ်လိုဝေဖန်ချက်တွေ ငါတို့ကို တားစည်းထားမလဲ
သံသယရှိလဲ ဖွင့်ဟပါ အတွေးတွေနဲ့ ဆွေးမနေနဲ့
မင်းဘက်က ရပ်တည်မယ့် ငါရှိနေမယ်...

ကြယ်စင်မင်း

Posted on September 4, 2009 at 11:01am —

 
 

About

MOWA MOWA created this Ning Network.
 

© 2009   Created by MOWA on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!