baydarzaw
  • Male
  • yangon
  • Myanmar
Share 

Baydarzaw's Friends

 

စာပေကိုချစ်မြတ်နိုးလို့ ဝင်ရောက်လာတာပါ ကဗျာရေးသူတစ်ယောက်ရဲ့ ဒိုင်ယာရီလို့ ....

Gifts Received

Gift

baydarzaw has not received any gifts yet

Give baydarzaw a Gift

Latest Activity

Goodddddddd
November 21
ကြိုက်ပြန်ပြီ ..... :)
November 21
အရမ်းမိုက်တယ် အါးပေးပါတယ်ဗျိုးးးးးးးးးးးးး :)
November 21

Profile Information

M.O.W.A ကိုမိတ်ဆွေ ဘယ်လိုရောက်လာပါသလည်း။
မေးလ်တစ်ခုကနေပါ
သင့်တွင် ကိုယ်ပိုင်စာရေးသော ဆိုက်ရှိပါက ဖြည့်ရန် (Social Site များတွင်ရေး ပါက Profile link ထည့်နိုင်)
http://myanmaryouthdonation.ning.com/
သင်စာရေးဆရာတယောက်ဖြစ်ချင်လား။
ဖြစ်ချင်တယ်
ဘယ်စာပေအမျိုးအစားတွေကို ပိုကြိုက်လဲ
ကဗျာစာပေနှင့် ရသ အသားပေး အရေးအဖွဲ့မျိုးကိုပိုနှစ်သက်ပါတယ်
အကြိုက်ဆုံး အွန်လိုင်းက စာရေးသူတွေ ရှိရင် ပြောပေးပါလား။
အကုန်ကြိုက်ပါတယ်

နတ်ဖွက်ထားတဲ့.........................?

ကိုယ် ကျရှုံးသွားရပေါ့ အချစ်ရေ
ပန်းလူတို့နဲ့ တိုက်တဲ့ပွဲမို့
အနိုင်မနွဲချင်တော့ပါဘူး
သိမ်းထုပ်သေချာစွာ
သိုဝှက်ရာ
နတ်ဖွက်တဲ့ပုစ္ဆာတစ်ပုဒ်လိုမျိုး
နှောင်းလူတို့ သိအပ်စေ.....

ကြည်ပြာရောင်အုတ်ခုံလေးတွေက
သက်ပြင်းတွင်တွင်ချ
ပြန်လာရာလမ်းကိုငေးငေးနေတတ်တဲ့
မှိုင်းမှုန်မျက်နက်ဝန်းထံ
အသက်သွင်းပေးမဲ့အကြံတောင်မှ
သူတို့ဒိုင်ယာရီမှာချန်ထားရစ်ခဲ့ပြီလေ
နေဝင်ရီတရောချိန်မို့
ငိုမနေပါနဲ့တော့ဥသြ...

အမှောင်ထုကစိုရွဲနေပြီ
ဘယ်ဆီမှာလဲ လမင်းငယ်
တကယ်ဆိုနီးနီးလေးပါ
ဝေးနေတာကတော့
ဝေးနေတာကတော့ကွယ်....

သူတို့မော်ဖူးခဲ့တဲ့
အရှင်မငယ်ရဲ့ခြေဖဝါးနုလေးတွေအတွက်
လမ်းလေးတွေငြီးတွားကုန်ကျပြီ
ငါလည်းလွမ်းဆွတ်လှပါ၏
ဗလာသက်သက်စာမျက်နှာတွေဆိုပေမယ့်လို့
မှင်မျက်ရည်တို့ စွန်းခဲ့ပြီ....အချစ်ရယ်....

နေရစ်ခဲ့ကြပါတော့
သတိရခြင်းတို့ရေ
တွယ်ငြိမနေကြပါနဲ့တော့
ငရဲမီးကိုမှ့ ရေဖြန်းမိလိုက်သလို
မင်းကိုလေ
မင်းကိုလေ အချစ်ရေ
မြူတွေဝေနေသလိုမျိုး
လွမ်းရရုံသက်သက်သာ
သတိရနေပါရစေ
ကျောက်ရုပ်မို့
ကျောက်မျက်ရည်ကျတာ
ဆန်းလို့လား
........
........
........
ခုညမှာမှ
ကိုယ်ကျရှုံးသွားရပေါ့...............
ပန်းလူတို့နဲ့ တိုက်တဲ့ပွဲမို့
အနိုင်မနွဲချင်တော့ပါဘူး
သိမ်းထုပ်သေချာစွာ
သိုဝှက်ရာ
နတ်ဖွက်တဲ့ပုစ္ဆာတစ်ပုဒ်လိုမျိုး
နှောင်းလူတို့ သိအပ်စေ.....


ဗေဒါ

Baydarzaw's Blog

baydarzaw

တိမ်တွေငိုတဲ့နေ့

တိမ်တွေငိုတဲ့နေ့ ပြီးတော့..
နှင်းဖြူပဝါစနား ခြစားသွားတဲ့နေ့..ပြီးတော့..
အမှတ်တရ ရာသီတော်ပင်အောက်..
လမ်ပျောက်တဲ့နေ့ ..ပြီးတော့..
လင်းလက်ဝေစီ ဖြေမသီနိုင်တဲ့အလွမ်းတွေ ..
အမွှမ်းတင်တဲ့နေ့ ...ပြီးတော့ ..
မျက်လုံးမှိတ်သလောက်ငါ
အိပ်မပျော်ခဲ့ရတဲ့နေ့ ...

အဲဒီနေ့ကလေ ..
အလင်းတော်ဝင်နတ်ဘုရားမအတွက်
လအိမ်ဖွဲ့တမ်းချင်း
နှလုံးသွေး ဆေးမှင်ရောင် စာလုံးလှလှတွေနဲ့
သူရုးတစ်ယောက် ဆက်သွင်းတဲ့နေ့
...ပြီးတော့ ....
ကိုယ် ကို ယဇ်ပူဇော်ဖို့
အရိုးနဲ့မီးဖို
ငါ့ အလွမ်းတစ်စက်တပေါက်က
မီးထတောက်တဲ့နေ့ .....

အဲဒီနေ့ကပါ ...
လေးကို… Continue

Posted on September 20, 2009 at 5:39pm —

baydarzaw

အလွမ်း

ခြုံစောင်နဲ့ လုံအောင်ကွေးရင်
ဆောင်းမှာ မင်းမရှိလည်း နွေးတယ်.......
အေးဆေးနေပါ မေ..

ဝေး ဝေးသွားမယ့်နောက်
ခုကတည်းက ခေါက်ထား
ငါ လောက်လောက်လားလား လွမ်းပါရစေ...

ကမ္ဘာဦးရဲ့ နှင်းဆီဖူးမှာ ဆူးရှိခဲ့ရဲ့လား
ထားပါ ရှိခဲ့ရင်လည်း ဒင်း လက်ချက်ပဲနေမှာ...

သတိရခြင်း အစွန်းတစ်ကွက်လောက်နဲ့ပဲ
အကြောက်တရားကင်းပါရစေ အရှင်..
ဒီလူသားဘ၀အမှောင်ကို
ချောက်ထဲမှာပဲ ထားခဲ့ပါတော့
မေ့မရတဲ့အချစ်ဆိုတာ သတိရခြင်းသက်သက်မို့ ..
နာနေတဲ့ရင်နဲ့ ဒင်းကို..
ဝေးဝေးက ကြင်နာနေချင်မိရဲ့..
သတိရခြင်းအစွန်းအတွက်
ချွတ်ဆေးမပေါ်သေးဘူး အရှင်...
....… Continue

Posted on September 20, 2009 at 5:37pm — 1 Comment

baydarzaw

အာဂရွာ

လူတော့လူ
လိပ်တစ်ကောင်လိုမျိုး ဘ၀ကို
ငုတ်လျှိုးပြီး နေခဲ့ရသူ...
ကျောက်ပေါက်မာ ဗရပွနဲ့
အညတရ ညနေခင်း သေမင်းနဲ့
စစ်ခင်းနေရ လူ.....
လူရယ်လို့ ပီသသ
လူဖြစ်ကြောင်းပြသချင်ခဲ့ သူ...
အမေ အနာ.. အဖေ အနာနဲ့
ဘ၀မှာပါလာသမျှဒဏ်ရာ
အမာရွတ်နဲ့ လူ..
ခုမှ့ လူမှန်းသိတတ်စ
ခုပဲ လူတွေကိုမုန်းတတ်သူ
ကကြီး ခကွေးပဲ တတ်ခဲ့ရသူတွေရယ်ပါ...
လောကကို စောဒက တက်မရသလို
ငါကိုယ်တိုင်ကိုများ ငြင်းပယ်လို့ မရခဲ့တဲ့သူ..
အပါယ်ခံ ဆိုတာထက်
ငရဲ ရဲ့ဆင့်ပွားဘုံသား မြင်ကြည့်မိခဲ့သူ ...
ရွာမှာ ပညာတတ်ရှားတယ်
ကျန်းမာရေးအသိခေါင်းပါးတယ်
ဒီရွာမှာ ပာန်လုပ… Continue

Posted on September 20, 2009 at 5:36pm — 1 Comment

baydarzaw

အိမ်

သစ်ပင်တွေနဲ့ ဆောက်တဲ့အိမ်
သစ်ပင်ခြေရင်းနဲ့ ဖြစ်တဲ့အိမ်
ပင်စည်စစ်စစ်နဲ့ အိမ်ရယ်ပါ.....
ဦးနှောက် တင်းမပြည့် ကျပ်မပြည့် ဆိုတာထက်
ဘ၀လူနေမှု့စရိုက်မပြည့်တဲ့အိမ်
အထီးကျန်မှု့ဆိုတာ ဖက်လိုပဲ
ကြာရင်သွေ့ခြောက်သွားစေမဲ့အရာ
အဲလို ခံယူမှု့နဲ့ အမယ်အိုရဲ့အိမ်.....
အိမ်ဆိုမှတော့ တစ်ချပ်တံခါးနဲ့
လုံခြုံစေတဲ့ အိမ်....
မလုံခြုံလည်း အရန်အတားဖြစ်စေ
ကျေနပ်နေမဲ့ အိမ်...
သစ်ပင်ခြေရင်းက အိမ်ရယ်ပါ...
ဒီအိမ်လေးမှာ
အမိုးအကါနဲ့....ကျိုးကြားရင်ခုန်စေမဲ့
တစ်နပ်စာ စွန်းစွန်း
လွမ်းရုံသာ စေခဲ့တဲ့ အိမ် ....
ငါ့အိမ်ပါ..
သွားမရှိတ… Continue

Posted on September 20, 2009 at 5:35pm —

Comment Wall (2 comments)

You need to be a member of Myanmar Online Writers Association to add comments!

Join this Ning Network

At 6:43pm on September 24, 2009, naungyoe1500 said…
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်
ကျွန်တော့်နာမည် နောင်ရိုးပါ
At 6:36pm on September 24, 2009, naungyoe1500 said…
ဟိုင်း သူငယ်ချင်း
တွေရတာဝမ်းသာပါတယ်
 
 

About

MOWA MOWA created this Ning Network.
 

© 2009   Created by MOWA on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!