ကိုဂစ်တာ
  • Male
  • ရန်ကုန်
  • Myanmar
Share 

ကိုဂစ်တာ's Friends

 

ကိုဂစ်တာ's Page

Gifts Received

Gift

ကိုဂစ်တာ has not received any gifts yet

Give ကိုဂစ်တာ a Gift

Latest Activity

အရမ်းကေါင်းတါပဲ ဒီကဗျာလေး :) အါးပေးနေပါတယ်
November 21
ငါ့ကိုယ်ငါ…ဟန်တစ်လုံးပန်တစ်လုံးနဲ့ ပန်ကန်လုံးလောက် မာနထားတတ်ရုံနဲ့ ငါ့ကိုယ်ငါ ကဗျာဆရာလို့ ကင်ပွန်းတပ်ခဲ့တာ။ တဲ့လား... အားပေးသွားတယ်ဗျ
November 2
October 17
October 16
ကိုဂစ်တာ added a blog post
မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင် ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင် မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။ စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး...
October 10
ကိုဂစ်တာ added a blog post
အခုတော့ ကျွန်တော်ဟာ သူစိမ်းတရံစာကြား တစ်ယောက်တည်းလျှောက်သူ အမေပေးလိုက်တဲ့ အားနဲ့ ငွေပိုက်မဲ့သား အခုတော့ ခြောက်လည်းမကြောက်သူ ခြွေလိုက်တဲ့စကားလည်း သွေမ၀ိုက်ခဲ့အနား စုပေါ့ ခေါက်ဆွဲခြောက်လူ။ တောသားမြို့ရောက် ပုရွက်ဆိတ်ရွာမှာ အခုတော့ ကျွန်တော် အသက်အစိ...
October 5
August 13
ကိုဂစ်တာ added a blog post
အမှန်စားမယ်ဆို နံပြားသာကမှ အာဟာရပြည့်ဝတယ်လေ ငါကမေ့မရ မပယ်ထား ပကာသန မတွေ့ရ တစ်ကယ်ရှား တစ်ကယ်စားမယ်ဆို အလွယ်သားမခက်လှ မက်စရာ့နံပြား။ မနက်အလှအမှန်စားဖွယ် ခံစားဖွယ်တစ်ပါး သန်လှမယ်အားရှိတယ်မို့ အများသိတယ် တို့ဆီမှာ။ ဗျို့မအီပါ အဆီမပါတဲ့ နံပြားရယ် တစ...
August 5

Profile Information

M.O.W.A ကိုမိတ်ဆွေ ဘယ်လိုရောက်လာပါသလည်း။
ဖိတ်လို့
သင့်တွင် ကိုယ်ပိုင်စာရေးသော ဆိုက်ရှိပါက ဖြည့်ရန် (Social Site များတွင်ရေး ပါက Profile link ထည့်နိုင်)
www.mrguiter.co.cc
သင်စာရေးဆရာတယောက်ဖြစ်ချင်လား။
ဖြစ်ချင်တယ်
ဘယ်စာပေအမျိုးအစားတွေကို ပိုကြိုက်လဲ
စိတ်နဲ့တည့်တဲ့ဟာ အကုန်ကြိုက်တယ်
အကြိုက်ဆုံး အွန်လိုင်းက စာရေးသူတွေ ရှိရင် ပြောပေးပါလား။
ပန်ဒိုရာ၊ လင်းဒီပ၊ ကောင်းကင်ကို

ကိုဂစ်တာ's Blog

ကိုဂစ်တာ

နိစ္စဒူဝ

မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင်
ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင်

မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ
မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။

စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး
အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး

ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး

ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး
ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။

ဆရာတွေက ဆရာလုပ်တာ… Continue

Posted on October 10, 2009 at 1:39pm — 1 Comment

ကိုဂစ်တာ

အိမ်ဝေး

အခုတော့ ကျွန်တော်ဟာ သူစိမ်းတရံစာကြား တစ်ယောက်တည်းလျှောက်သူ
အမေပေးလိုက်တဲ့ အားနဲ့ ငွေပိုက်မဲ့သား အခုတော့ ခြောက်လည်းမကြောက်သူ
ခြွေလိုက်တဲ့စကားလည်း သွေမ၀ိုက်ခဲ့အနား စုပေါ့ ခေါက်ဆွဲခြောက်လူ။

တောသားမြို့ရောက် ပုရွက်ဆိတ်ရွာမှာ အခုတော့ ကျွန်တော် အသက်အစိတ်သာသာ
ပျော်စရာများလည်း တော်ရာနားခဲ့ မပြုပေါ့နော် မပျက်စိတ်မာမာ
အလော်မာများထဲ ပျော်ကာမသွားရဲ့ အတုတော့မခေါ် ဆက်သိက္ခာမှာ။
ဘယ်နေရာဘယ်ကိုရောက်ရောက် နှလုံးသားကိုအရောင်မဆိုး အကြားမခံစေရက်ပါ ဒီသတင်းဆိုး
တစ်ကယ်လေစရာ ဘယ်လိုမောက်မောက် အပြုံးများကိုဆောင်ဖို့ သားထံေ… Continue

Posted on October 5, 2009 at 1:14pm —

ကိုဂစ်တာ

မရိုးသားတဲ့ငါ့ကဗျာ

ရော့…ဒီမှာ
မရိုးသားတဲ့ ငါ့စာ
ဟေ့…ဟော့ဒီမှာ
မရိုးသားတဲ့ ငါ့ကဗျာ
ငါ့ကိုယ်ငါ…ဟန်တစ်လုံးပန်တစ်လုံးနဲ့
ပန်ကန်လုံးလောက် မာနထားတတ်ရုံနဲ့
ငါ့ကိုယ်ငါ ကဗျာဆရာလို့ ကင်ပွန်းတပ်ခဲ့တာ။

“အ ” ပြီး “နု” နေလို့
“ပညာ” ပေးခံလိုက်ရတာများ
ငါက ကိုယ့်ကိုယ်ကိုယ်
“အနုပညာသမား” တဲ့
ငါ့…ငါ..ငါ ဟားစရာ။

ရော့…ဒီမှာ
ငါ့ မရိုးသားတဲ့ကဗျာ
ခိုးထားတဲ့ ဒါဏ်ရာနဲ့
အချိုးများတဲ့ ဟန်တစ်ရာနဲ့
အဖိုးထားခဲ့ ကန်ရာလည်း
ညှိုးသွားခဲ့ ပြန်တာပဲ။

ကဗျာ…ကဗျာဆိုပြီး…
ငါက အဖာတစ်ရာနဲ့
ကဗျာတွေပဲထုတ်
ဟိုအစုတ် ဒီအစုတ်ကို
ဟိုချုပ် ဒီချုပ်နဲ့
ဟိုလုပ် ဒီလုပ… Continue

Posted on August 6, 2009 at 1:53pm — 1 Comment

ကိုဂစ်တာ

"နံပြား"

အမှန်စားမယ်ဆို
နံပြားသာကမှ
အာဟာရပြည့်ဝတယ်လေ
ငါကမေ့မရ မပယ်ထား
ပကာသန မတွေ့ရ တစ်ကယ်ရှား

တစ်ကယ်စားမယ်ဆို
အလွယ်သားမခက်လှ
မက်စရာ့နံပြား။

မနက်အလှအမှန်စားဖွယ်
ခံစားဖွယ်တစ်ပါး
သန်လှမယ်အားရှိတယ်မို့
အများသိတယ် တို့ဆီမှာ။

ဗျို့မအီပါ
အဆီမပါတဲ့ နံပြားရယ်
တစ်အားရယ်ကို
မမှားတယ်ဆို
အိုအဟုတ် မစောင့်ရတဲ့အစား
ဗိုလ်ချုပ် တောင့်တတဲ့ နံပြား ။ ။

ကျော်ညိုသွေး
http://mrguiter.myanmarbloggers.info

Posted on August 5, 2009 at 7:43pm —

ကိုဂစ်တာ

လက်မရဲ့ နေရာ

ပြီးခဲ့တဲ့ ရက်က အလုပ်မှာရောင်းတဲ့ ဂျာနယ်ဆိုင်ကနေ အခွင့်အလမ်း ဂျာနယ်တစ်စောင်ဝယ်ခဲ့တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကိုယ်နဲ့တိုက်ဆိုင်တဲ့ အလုပ်များရှိမလားလို့ရယ်၊ နောက်တစ်ခုက ဆောင်းပါးလေးတွေဖတ်ချင်တာနဲ့ဝယ်ခဲ့တယ်။ ကိုယ်မဖတ်ဖြစ်လည်း တစ်ခြားသူတွေ( ကိုယ့်အိမ်သားတွေနဲ့ ကိုယ့်သူငယ်ချင်းတွေ) လည်းဖတ်လို့ရတာပေါ့။ အလုပ်က ပြန်ရောက်တာနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီး ဂျာနယ်ကိုလှန်လှော်မိတယ်။ မိုးက လေနဲ့အတူ ကြမ်းပြီး ရွာနေတော့ မီးကလည်း ပျက်နေတယ်။ ဖယောင်းတိုင် ခပ်တုတ်တုတ်တစ်တိုင်ကိုထွန်းပြီး အလုပ်အကိုင်ကြော်ငြာတွေကို ဖတ်မိတယ်။ က… Continue

Posted on July 18, 2009 at 7:42pm —

Comment Wall (7 comments)

You need to be a member of Myanmar Online Writers Association to add comments!

Join this Ning Network

At 11:40pm on October 16, 2009, ညီစိမ်း said…
လာသွားပါတယ် ကိုဂစ်တာရေ
At 3:20pm on May 13, 2009, su wai said…
အလည်လာသွားပါကြောင်း :)
At 9:32am on May 7, 2009, Zayyarphyo said…
လာလည်ပါတယ်။ကျွန်တော်siteကလေးကိုလည်းလာလည်ဖို့ဖိတ်ခေါ်ချင်ပါတယ်။
ကြိုက်ရင်လည်းမမ်ဘာဝင်ပေးပါ။လာလည်ချင်တယ်ဆိုရင်တော့ဒီနေရာကိုကလစ်လုပ်ပေးပါ။ကျေးဇူးတင်ပါတယ်။
At 5:48pm on April 30, 2009, su wai said…
စာလာဖတ်ပြီး အကြံပေးသွားလို့ ကျေးဇူးပါ ကိုဂစ်တာရေ...အချစ်အကြောင်း ခံစားချက်တွေတင်မကဘဲ အပြင်လောကအကြောင်း စာတွေပါ ရေးနိုင်အောင် ဆုဝေ ကြိုးစားပါ့မယ်
At 7:51am on March 14, 2009, သုချစ်သူ said…
လာလည်သွားတယ် ကိုဂစ်တာ
At 2:27pm on February 27, 2009, su wai said…
ရေးပြီးမှ သတိရတယ်.. ကိုဂစ်တာက ၂ ယောက်ရှိတယ်ဆိုလား.. ဆုဝေ သူငယ်ချင်း ကိုဟိန်းမောင် မဟုတ်ခဲ့ရင် တောင်းပန်ပါတယ်နော်
At 2:24pm on February 27, 2009, su wai said…
ကိုဟိန်းမောင်ရေ.. လာလည်သွားတယ်ဗျို့
 
 

About

MOWA MOWA created this Ning Network.
 

© 2009   Created by MOWA on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!