Mysuboo Fanclub နှစ်နှစ်ပြည့် ပြဇာတ်ကရန်အတွက် စာမူများ ဖိတ်ခေါ်ခြင်း
…
Continue
Added by သူရဿဝါ on November 25, 2009 at 8:51pm —
No Comments
ဟိုးဝေးဝေးက
သူ့အသံဝဲ၀ဲလေး
မကြားရရင်
ထမင်းစါးရတါ
တစ်ခုခုလိုနေတယ်
ဒါပေမယ့်
မနက်ဖြန်ထိ
သူ့ကိုချစ်ချင်လို့
ထမင်းတစ်ပန်းကန်တေါ့
ကုန်အေါင်စါးခဲ့တယ် ..............
ဟိုးဝေးဝေးက
သူ့လက်ရေးနဲ့စါအိတ်တစ်လုံး
ရောက်မလါရင်
အိပ်ရတါ
စိတ်မချမ်းသါဘူး ......................
ဒါပေမယ့်
ရှင်သန်ခြင်းရဲ့ခံယူချက်အတွက်
အဲ့ဒီ့ညတွေကို
ရင်ပူပူနဲ့
အိပ်ပစ်ခဲ့တယ် ......................
အဲ့ဒီ
့ရင်ပူ .. စိတ်မေါ ...သေါကတွေနဲ့
မမေ့ရက်တါ
'' သိပ်ချစ်လို့ ''ဆိုတါ
သူသိဖို့
ကဗျာလေးရယ်
ပြောပေးပါ
Continue
Added by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:33pm —
No Comments
ဘ၀ထဲ
နောက်ချန် ... ဖဲ့ခြွေပေးရတဲ့
တစ်ခနတွေများများပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် ..............
ဘ၀ထဲ
အမြဲအပြစ်မလွတ်တဲ့
သိုးမည်းတွေရဲ့
ခေါင်းငုံ့ ... တိတ်ဆိတ်မှုနဲ့
အသါးကျပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် .................
အတုတွေကို
ပုံပြင်အဆန်းနဲ့
ခဏ ... ခဏ
ယုံကြည်တတ်ခြင်းကို
အစွန်းရောက်ခါးသီးတတ်ပြီးမှ
သူငယ်ချင်း
မင်းနဲ့ဆုံတယ် ..................
နောက်တစ်ခါ
နောက်ချန်
ခေါင်းငုံ့
တိတ်ဆိတ်ရင်း
မိုက်မဲဖို့လည်း
တေလေတွေရဲ့မထူးဇါတ်မို့
ရင်ဘက်ရဲ့တန်ဖိုးချင်း
အချိုးချပြီးမှ
ကိုယ်စီရဲ့သေါကအတွက်
ဆင်ယင်လှည…
Continue
Added by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:24pm —
No Comments
အရာရာခံယူမယ့်
မင်းလက်တွေက
အရာရာဖဲ့ခြွေရက်တါ
ချစ်ခြင်းလါးလို့
စိတ်ကုန်ချင်လည်း
ကိုယ်တိုင်ရဲ့သေါကနဲ့
မေ့မရခဲ့တေါ့
ခေါင်းစဉ်ပြောင်းတတ်ဖို့
မလိုတေါ့ဘူး .............
ဘယ်သူမှမသိတတ်တဲ့
လိုအပ်ခြင်းအတွက်
ငါ့အသိတွေ
ကြီးတတ်ခဲ့ပြီးမှပဲ
မင်းလုပ်သမျှကျေနပ်တယ် ........
ဘါမှထပ်မပေးဖြစ်ရင်တေါင်
ဘါမှမငြင်းရက်တါ
အချစ် ဆိုရင်
ငါမင်းကိုချစ်တယ် ................
သူငယ်ချင်း ခေါင်းစဉ်နဲ့
မဖွဲ့နွဲ့တတ်သူမို့
မင်းချစ်ရင်ပြောပါတေါ့
သီချင်းနဲ့ပဲစေါင့်ရမှါလါး
ဒါမှမဟုတ်
မငြင်းနိုင်မယ့်စကါးအဆန်းနဲ့
မင်းလက်ကို
တွဲထါးခွင့်ရမလ…
Continue
Added by သင်ခန်းစါတစ်ရာ့တစ် on November 21, 2009 at 2:13pm —
No Comments
လရောင်ခပ်ပါးပါး ဆမ်းထားတဲ့
ဘ၀ဆိုတဲ့ လမ်းမှာ
လေတစ်ချွန်ချွန်နဲ့
ငါဟာ နောက်ပြန်လျှောက်လာခဲ့တယ်။
စိတ်ကူးထဲမှာတော့...
မင်းဟာ ငါ့ရင်ဘတ်ထဲက ထွက်လာတဲ့
ကဗွီးပင်တစ်ပင်ပေါ့။
မင်းရဲ့ နုပျိုတဲ့အလှ
ဝေဆာတဲ့ စိမ်းလန်းမှုကို
ငါ ဂုဏ်ယူလို့မှ မဆုံးသေးဘူး
မင်းရဲ့ သမုဒယ အမြစ်တွေနဲ့
ပတ်နှောင်တွယ်ထားလိုက်တာများ
ငါ့နှလုံးသားတောင် ကျုံဝင်သွားခဲ့တယ်။
ဒါပေမယ့် ငါလို မြေကြီးက
မင်းရဲ့ ရိုးတံပြတ်တွေ၊ ပွင့်ဖတ်ဟောင်းတွေ
နောက်ဆုံး...
မင်းအနေနဲ့ ကြင်နာမှုနဲ့ ဝေမျှပေးလိုက်တဲ့
အသီးတစ်ချို့ရဲ့ နာကျင်မှုကိုတောင်
မက်မက်မောမော ခံယူမိ…
Continue
Added by Nann Laypyae Nu on November 2, 2009 at 12:04pm —
No Comments
မနက်မျက်နှာသစ်ရင် ရေနွေးနဲ့ပေါင်းတင်
ဖြစ်နိုင်ရင် မေတ္တာအစစ်ကိုလည်း အခြေဈေးနဲ့ရောင်းချင်
မကောင်းရင်လည်း ဒို ရှိရင် သစ္စာတွေ အိုခေ
မောင်းတင်လည်း အလိုပြည့်ရင် ချစ်တာတွေ ချိုနေ။
စိတ်ကောင်းလည်း ကိုယ်မလှရင် မဖြစ်ဘူး
အတိတ်မကောင်းလည်း ဒို ကျရင် မပြစ်ဘူး
ဖြစ်နိုင်ရင် မာန်တက်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် အဆံပျက်ပြီး ချောင်နေတဲ့ အကောင်တွေနဲ့လည်းမတွေ့ချင်ဘူး
ဖြစ်နိုင်ရင် အတုအယောင်တွေနဲ့လည်း လူဘောင်မှာ မကချင်ဘူး
ဖြစ်နိုင်ရင် သူ့မောင်တွေနဲ့လည်း ဖု၊ယောင်စရာ မချချင်ဘူး။
ဆရာတွေက ဆရာလုပ်တာ…
Continue
Added by ကိုဂစ်တာ on October 10, 2009 at 1:39pm —
1 Comment
အခုတော့ ကျွန်တော်ဟာ သူစိမ်းတရံစာကြား တစ်ယောက်တည်းလျှောက်သူ
အမေပေးလိုက်တဲ့ အားနဲ့ ငွေပိုက်မဲ့သား အခုတော့ ခြောက်လည်းမကြောက်သူ
ခြွေလိုက်တဲ့စကားလည်း သွေမ၀ိုက်ခဲ့အနား စုပေါ့ ခေါက်ဆွဲခြောက်လူ။
တောသားမြို့ရောက် ပုရွက်ဆိတ်ရွာမှာ အခုတော့ ကျွန်တော် အသက်အစိတ်သာသာ
ပျော်စရာများလည်း တော်ရာနားခဲ့ မပြုပေါ့နော် မပျက်စိတ်မာမာ
အလော်မာများထဲ ပျော်ကာမသွားရဲ့ အတုတော့မခေါ် ဆက်သိက္ခာမှာ။
ဘယ်နေရာဘယ်ကိုရောက်ရောက် နှလုံးသားကိုအရောင်မဆိုး အကြားမခံစေရက်ပါ ဒီသတင်းဆိုး
တစ်ကယ်လေစရာ ဘယ်လိုမောက်မောက် အပြုံးများကိုဆောင်ဖို့ သားထံေ…
Continue
Added by ကိုဂစ်တာ on October 5, 2009 at 1:14pm —
No Comments
ဟိုင်း
ဟိုင်း..........
ဘာလဲတော့မသိဘူး
သူကဟိုင်းရင် ကိုယ်ကဟိုင်းတာပဲ
ကိုယ်ကဟိုင်းလဲ သူကပြန်ဟိုင်းတာပဲ
who? who?
ဘယ်သူလဲတဲ့
သူကမေးလိုက် ကိုယ်ကဖြေလိုက်
ကိုယ်ကမေးလိုက် သူကဖြေလိုက်
ကဲ....ဘယ်လေက်ပွင့်လင်းတဲ့
လူငယ်တွေလဲ..................
ဘယ်လောက် ခင်ဖို့ကောင်းတဲ့
လူငယ်တွေလဲ...................
ဘယ်လေက်ချစ်စရာကောင်းတဲ
လူငယ်ဘ၀လဲ....................
အိုင်တီခောတ်ထဲမှာလူဖြစ်တဲ့ တို့ဘဝ
ဘယ်လောက်ကျေနပ်ဖို့ကောင်းလဲ
ဒါပေမယ့်.......သူငယ်ချင်းတို့ရယ်
အဖြူရောင်လေးပဲနော်
အဖြူရောင်လေးပါပဲ................
အရောင်တွေ စွန…
Continue
Added by naungyoe1500 on September 28, 2009 at 5:42pm —
No Comments
နွေကြိုဥသြ
တွန်သံတောမှာ
လွမ်မောဖွယ်ရာ
တေးသံသာနှင့်
ချစ်သူစကား
ကြားယောင်မိစဉ်
ထိုစဉ်ခဏ
ချိန်တစမှာ
သတိရမိတယ်
ချစ်သူရယ်........................။
နောင်ရိုး
Continue
Added by naungyoe1500 on September 26, 2009 at 2:36pm —
No Comments
25.9.2009နေ့တွင်
ဝင်ရောက်ခဲ့ပါသည်
Continue
Added by naungyoe1500 on September 25, 2009 at 8:52pm —
No Comments
ကောင်းကင်ကကြယ်ကလေး
ကြွေကျလာတာလား.........
မိုးပေါ်က နတ်သမီး
စုတေလာတာလား............
ပပ၀တီတောင်
မင်းကိုမမှီနိုင်ဘူး...............
မိုနာလီဇာလဲ
မင်းပြုံးတိုင်း ခေါင်းငုံ့သွားရတယ်
ငြိမ်းအေးတဲ့အပြုံးကိုမြင်တိုင်း
ရင်မှာအေးမြသွားရတယ်ကွယ်
အိနြေရှင်ရယ်...................
တည်ငြိမ်တဲအလှတွေနဲ့
ပြုစားနိုင်ခဲ့ပြီလား...............
ယိုင်နဲ့နေတဲ့ ငါနှလုံးသားကို
ဖေးမကာကူညီဖို့
လျောက်လှမ်းခဲ့ပါတော့ကွယ်........................။
နောင်ရိုး
Continue
Added by naungyoe1500 on September 25, 2009 at 10:49am —
No Comments
တိမ်တွေငိုတဲ့နေ့ ပြီးတော့..
နှင်းဖြူပဝါစနား ခြစားသွားတဲ့နေ့..ပြီးတော့..
အမှတ်တရ ရာသီတော်ပင်အောက်..
လမ်ပျောက်တဲ့နေ့ ..ပြီးတော့..
လင်းလက်ဝေစီ ဖြေမသီနိုင်တဲ့အလွမ်းတွေ ..
အမွှမ်းတင်တဲ့နေ့ ...ပြီးတော့ ..
မျက်လုံးမှိတ်သလောက်ငါ
အိပ်မပျော်ခဲ့ရတဲ့နေ့ ...
အဲဒီနေ့ကလေ ..
အလင်းတော်ဝင်နတ်ဘုရားမအတွက်
လအိမ်ဖွဲ့တမ်းချင်း
နှလုံးသွေး ဆေးမှင်ရောင် စာလုံးလှလှတွေနဲ့
သူရုးတစ်ယောက် ဆက်သွင်းတဲ့နေ့
...ပြီးတော့ ....
ကိုယ် ကို ယဇ်ပူဇော်ဖို့
အရိုးနဲ့မီးဖို
ငါ့ အလွမ်းတစ်စက်တပေါက်က
မီးထတောက်တဲ့နေ့ .....
အဲဒီနေ့ကပါ ...
လေးကို…
Continue
Added by baydarzaw on September 20, 2009 at 5:39pm —
No Comments
ခြုံစောင်နဲ့ လုံအောင်ကွေးရင်
ဆောင်းမှာ မင်းမရှိလည်း နွေးတယ်.......
အေးဆေးနေပါ မေ..
ဝေး ဝေးသွားမယ့်နောက်
ခုကတည်းက ခေါက်ထား
ငါ လောက်လောက်လားလား လွမ်းပါရစေ...
ကမ္ဘာဦးရဲ့ နှင်းဆီဖူးမှာ ဆူးရှိခဲ့ရဲ့လား
ထားပါ ရှိခဲ့ရင်လည်း ဒင်း လက်ချက်ပဲနေမှာ...
သတိရခြင်း အစွန်းတစ်ကွက်လောက်နဲ့ပဲ
အကြောက်တရားကင်းပါရစေ အရှင်..
ဒီလူသားဘ၀အမှောင်ကို
ချောက်ထဲမှာပဲ ထားခဲ့ပါတော့
မေ့မရတဲ့အချစ်ဆိုတာ သတိရခြင်းသက်သက်မို့ ..
နာနေတဲ့ရင်နဲ့ ဒင်းကို..
ဝေးဝေးက ကြင်နာနေချင်မိရဲ့..
သတိရခြင်းအစွန်းအတွက်
ချွတ်ဆေးမပေါ်သေးဘူး အရှင်...
....…
Continue
Added by baydarzaw on September 20, 2009 at 5:37pm —
1 Comment
လူတော့လူ
လိပ်တစ်ကောင်လိုမျိုး ဘ၀ကို
ငုတ်လျှိုးပြီး နေခဲ့ရသူ...
ကျောက်ပေါက်မာ ဗရပွနဲ့
အညတရ ညနေခင်း သေမင်းနဲ့
စစ်ခင်းနေရ လူ.....
လူရယ်လို့ ပီသသ
လူဖြစ်ကြောင်းပြသချင်ခဲ့ သူ...
အမေ အနာ.. အဖေ အနာနဲ့
ဘ၀မှာပါလာသမျှဒဏ်ရာ
အမာရွတ်နဲ့ လူ..
ခုမှ့ လူမှန်းသိတတ်စ
ခုပဲ လူတွေကိုမုန်းတတ်သူ
ကကြီး ခကွေးပဲ တတ်ခဲ့ရသူတွေရယ်ပါ...
လောကကို စောဒက တက်မရသလို
ငါကိုယ်တိုင်ကိုများ ငြင်းပယ်လို့ မရခဲ့တဲ့သူ..
အပါယ်ခံ ဆိုတာထက်
ငရဲ ရဲ့ဆင့်ပွားဘုံသား မြင်ကြည့်မိခဲ့သူ ...
ရွာမှာ ပညာတတ်ရှားတယ်
ကျန်းမာရေးအသိခေါင်းပါးတယ်
ဒီရွာမှာ ပာန်လုပ…
Continue
Added by baydarzaw on September 20, 2009 at 5:36pm —
1 Comment
သစ်ပင်တွေနဲ့ ဆောက်တဲ့အိမ်
သစ်ပင်ခြေရင်းနဲ့ ဖြစ်တဲ့အိမ်
ပင်စည်စစ်စစ်နဲ့ အိမ်ရယ်ပါ.....
ဦးနှောက် တင်းမပြည့် ကျပ်မပြည့် ဆိုတာထက်
ဘ၀လူနေမှု့စရိုက်မပြည့်တဲ့အိမ်
အထီးကျန်မှု့ဆိုတာ ဖက်လိုပဲ
ကြာရင်သွေ့ခြောက်သွားစေမဲ့အရာ
အဲလို ခံယူမှု့နဲ့ အမယ်အိုရဲ့အိမ်.....
အိမ်ဆိုမှတော့ တစ်ချပ်တံခါးနဲ့
လုံခြုံစေတဲ့ အိမ်....
မလုံခြုံလည်း အရန်အတားဖြစ်စေ
ကျေနပ်နေမဲ့ အိမ်...
သစ်ပင်ခြေရင်းက အိမ်ရယ်ပါ...
ဒီအိမ်လေးမှာ
အမိုးအကါနဲ့....ကျိုးကြားရင်ခုန်စေမဲ့
တစ်နပ်စာ စွန်းစွန်း
လွမ်းရုံသာ စေခဲ့တဲ့ အိမ် ....
ငါ့အိမ်ပါ..
သွားမရှိတ…
Continue
Added by baydarzaw on September 20, 2009 at 5:35pm —
No Comments
တိတ်တဆိတ်နဲ့ လွမ်းနေပါရဲ့ ချစ်သူ ...
တိတ်တဆိတ်နဲ့ ဆွတ်ပျံဖွယ် အနမ်းတွေက
ခန်းထက်မှာ လိပ်ပြာလို၊ မြူမှုန်လို
အခိုးအငွေ့လို နောက်ဆုံး တစ္တေ တစ်ကောင်လို
ငါ့မှာ ခြောက်ခြားလို့မဆုံး
စုန်းကိုက်ထားတဲ့ ပန်းသီးတစ်လုံးလိုမျိုးတွေးကြည့်
မြွေပါလည်းဆုံး သားလည်းဆုံး
ခပ်တုံးတုံး ဓါးတစ်လက်သာပေးပါ
ဒီလည်ချောင်းသွေးကို များများနဲ့ ကြာကြာဖောက်ထုတ်မလို့ ...
တိတ်တဆိတ်နဲ့ ဟစ်အော်နေမိပါရဲ့ ချစ်သူ ...
တိတ်တဆိတ်နဲ့ နူတ်ဆက်ချိန်ညနေက
ဝေသီ ရိရော် ဖွယ် မှောင်မှိက်
စောင်းပိုက်ထားတဲ့လုလင်ပျိုလို ငါ သံစဉ်တွေယစ်မှုး
အလွန်အကြူး ဖွဲ…
Continue
Added by baydarzaw on September 20, 2009 at 5:34pm —
1 Comment
မှော်ဆန်လွန်းတဲ့အလှမှာ ခြောက်ခြားနေရပါတယ်အရှင် ..
စေညွန်ရာ နှင်တံ အမိန့် ဖျှားမှာ
အဆိပ်မြှုားတွေ ရွာသွန်းဖြိုးခဲ့သည့်တိုင်
မမှိတ်မသုန် ဒီ စိတ်အဟုန်အတွက်
နမိတ်ပုံလိုမျိုးတွေးကြည့်
ပန်ချီကားထဲက ပန်းသီးဟာ ..
ကျွန်ုပ် ညစာပါအရှင် ..
ရင်နာလွန်းလို့ ညဆိုရင် သောက်စားနေရပါတယ် အရှင် ..
နက္ခတ်ပွဲတော်ရဲ့အလင်းနှစ်သခင် ဆီ
အကြင်သူရဲ့ စောင်းပါးရိပ်ခြေ
လေပြေချီလို့ အနုသညာ
ထုထ်ပိုးပြီး ပို့လိုက်မိသည်
လေရူးမှာ ထုံကူးမိတဲ့ ၀တ်မှုံကို
ပန်းတစ်ငုံ ဖြစ်ဖို့ ဖန်ဆင်းလှဲ့တော့ အရှင် ..
ပိုးဆီဝတ်ရုံလွှာ ပ၀ါထောင့်နားမှာ
မာနေ…
Continue
Added by baydarzaw on September 20, 2009 at 5:32pm —
No Comments
ငါပာာ တေလေပါ.........
နေ နာရီ ထမ်းလျောက်
ငါ့လမ်းငါဖျောက်ခဲ့သူ
အလိုက်သင့် စီးမျောပျော်ဝင်ရာက
အလင်းလဲ့ပြာသီ
ငါ့ဆီမှာ ရီ သံကောင်းကောင်းမရှိခဲ့ရ.
သံစဉ်တွေကြွရုန်းထနေဆဲ
ပဉ္စလက်ကောင်းကင်ရေ..
အကြောင်းသင့်ရင်
ကြယ်တစ်ပွင့်လောက်ခိုးချွေပေး
နတ်သမီးအိမ်မက်ဖြစ်ဖြစ်
ငါ့အိပ်ကပ်ထဲ သိမ်းထားချင်မိတယ်.
မြူလိုလို လူလိုလိုပါ.....
ငှက်ဆိုးထိုးတော့မှ
ပုစဉ်းရင်ကွဲမှန်း သိလာခဲ့
လိပ်ပြာတောင်ပံခဏငှားလို့
ငါ ပျံဝဲနေပါရစေ..
မင်းသာ မီး တစ်ပုံပျိုးထားပါ
စိတ်ချ ငါဝင်တိုးခဲ့မယ်..
“ဗင့်ဆင့်မီလေ”..လေ
“အစွန်းနှစ်ဖက်လုံးမီးညှိထားတ…
Continue
Added by baydarzaw on September 19, 2009 at 4:10pm —
No Comments
မလွမ်းတော့ပါဘူး
လမ်းတိုလေးတွေရေ
ပန်းဝေခဲ့ခဏတာမို့
မလှမ်းတော့ပါဘူး....
မကျွမ်းခဲ့ပါဘူး
သင်ကြားမှု့နှောင့်နှေးခဲ့လို့
လဲ
မစမ်းရဲခဲ့ဘူး
ကန်းနေတဲ့ သူရူးတစ်ယောက်မို့
မှတ်တမ်းထဲမှာ
အမှတ်ရစရာနေ့စွဲ
မရေးရဲခဲ့ဘူး.....
မတောင်းတော့ပါဘူး
စကားတောင်းဆုတွေရေ
ဆောင်း ခုပဲရောက်တော့မယ်
ထုံးစံ အတိုင်းပဲ
ငါအေးနေပါရစေ
ဝေးသွားခဲ့ပေါ့ မေ
သက်ပြင်းတလူလူလွှင့်လို
တဂိုးရဲ့ ကဗျာတစ်ပုဒ်ရွတ်မိတယ်
သင့်အတွက်ဝန်ထုတ် ဝန်ပိုး ဖြစ်နေရင်
လက်ဆောင်ထုတ်ပေါ်မှ ငါ့အမည်နာမအားဖျက်လိုက်ပါတော့
သို့ရာတွင်
ငါ့တေးအလကာင်္ကိုမူ
သတိရပါလေ တဲ့......…
Continue
Added by baydarzaw on September 19, 2009 at 4:07pm —
No Comments
ခပ်တိုးတိုး လေချွန်ရင်း
ညနေခင်းကိုဖြတ်သန်းလာခဲ့ပေါ့
မိုးလေးဖွဲဖွဲက ကျနေတယ်...
သိမ်းထုတ်ထားမှု့တစ်ချို့ကလည်း
ပြေကျသွားခဲ့လေပြီ
ဒီလိုနဲ့ လမ်းလေးအတိုင်း ဆက်လျောက်လာ
လမ်းလေးပေါ် လွှင့်ကျရာ ဗရပွနဲ့မို့
ရှောင်ရင်း ရှားရင်း
အလွမ်းကိုအခင်းအကျင်းနဲ့
ပွဲထုတ်တတ်လာခဲ့ပြီ.........ချစ်သူရယ်.....
ခုစင်ပေါ်တက်လာတာ
မင်းအယုံအကြည်မရှိခဲ့တဲ့
ငါ့ရဲ့သတိရခြင်းတွေပဲ
စဉ်းစားမရလည်းနေပါစေ...
မျှော်လင့်ချက်တွေအတွက်တော့
အိမ်မက်တွေငိုလိမ့်မယ်
အိမ်မက်မဆုံတဲ့ အဖြစ်ကိုတော့
ငါ မနှစ်မြို့ဘူးကွယ်..........
မုန်းလိုက်တာ
တိုက်ဆိုင်မှ…
Continue
Added by baydarzaw on September 19, 2009 at 4:04pm —
No Comments