ရော့…ဒီမှာ
မရိုးသားတဲ့ ငါ့စာ
ဟေ့…ဟော့ဒီမှာ
မရိုးသားတဲ့ ငါ့ကဗျာ
ငါ့ကိုယ်ငါ…ဟန်တစ်လုံးပန်တစ်လုံးနဲ့
ပန်ကန်လုံးလောက် မာနထားတတ်ရုံနဲ့
ငါ့ကိုယ်ငါ ကဗျာဆရာလို့ ကင်ပွန်းတပ်ခဲ့တာ။
“အ ” ပြီး “နု” နေလို့
“ပညာ” ပေးခံလိုက်ရတာများ
ငါက ကိုယ့်ကိုယ်ကိုယ်
“အနုပညာသမား” တဲ့
ငါ့…ငါ..ငါ ဟားစရာ။
ရော့…ဒီမှာ
ငါ့ မရိုးသားတဲ့ကဗျာ
ခိုးထားတဲ့ ဒါဏ်ရာနဲ့
အချိုးများတဲ့ ဟန်တစ်ရာနဲ့
အဖိုးထားခဲ့ ကန်ရာလည်း
ညှိုးသွားခဲ့ ပြန်တာပဲ။
ကဗျာ…ကဗျာဆိုပြီး…
ငါက အဖာတစ်ရာနဲ့
ကဗျာတွေပဲထုတ်
ဟိုအစုတ် ဒီအစုတ်ကို
ဟိုချုပ် ဒီချုပ်နဲ့
ဟိုလုပ် ဒီလုပ်လုပ်လိုက်တာ
ငါ့ကဗျာဖြစ်တယ်။
ပုပ်ပွနေတဲ့ သစ်သီးပေါ့ ငါ့ကဗျာက
အဆီအနှစ်တွေများလွန်းတော့
ဆီးချိုဖြစ်…
သွေးချိုဖြစ် နေတဲ့ ငါ့ကဗျာ။
လတ်မှမလတ်ဆတ်ပဲ
တွဲမိတွဲရာ ဆွဲမိဆွဲရာ
ကဗျာကို အင်္ကျီချုပ်ဝတ်မိပါတယ်
ဆားမပါတဲ့ ဟင်းတစ်ခွက်။
ကျော်ညိုသွေး
့http://mrguiter.myanmarbloggers.info
Tags:
Share
You need to be a member of Myanmar Online Writers Association to add comments!
Join this Ning Network